ဝက်ချိုချဉ်ကြော်
ဝက်အသားချည်းပဲကို ခပ်သေးသေးလှီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် အကြော်မှုန့်ထည့်နှယ်၍ တခုခြင်းစီကို ခွဲထည့်၍ ဝက်စအုကြော်ထားပါ။ ကြက်သွန်နီ တခြမ်း၊ ပန်းငရုတ်ပွဝါစိမ်းနီအနည်းငယ်နှင့် သခွားသီးစိမ်းတို့ကို လှီးထားပါ။ ခရမ်းချဉ်ဆော့၊ ဗီနီကာ၊ သကြား၊ဆားနှင့် ကော်မှုန့်တို့ကို ရေဖြင့်ဖျော်ထားပါ။ ကြက်သွန်နီ၊ ပန်းငရုတ်ပွ ၊ သခွားသီးတို့ကို ရောကြော်၊ ဖျော်ထားသောကော်ရည်လောင်းထည့်၊ ဝက်စအုကြော်များထည့်မွှေ၍ ချနိုင်ပါပြီ။ Crd: Mogok Thu မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။