ကြက်ဥပေါင်းလုပ်နည်း
ကြက်ဥပေါင်းလုပ်နည်း
ကြက်ဥလေးတွေ ရေဆေး၊ အပေါက်သေးသေးလေးတွေဖောက်ပြီး အထဲက အကာတွေ၊ အနှစ်တွေကို စုပ်တံအသစ်နဲ့စုပ်ထုတ်ပြီး ဇလုံကြီးကြီးထဲထည့်၊ ပြီးရင် ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ရောမွှေ (ရေလုံးဝမပါရပါ)။ နောက်ပြီး စုပ်တံလေးနဲ့ပြန်စုပ်ပြီး စောစောက အပေါက်ဖောက်ထားတဲ့ ကြက်ဥလေးတွေထဲ တစ်ဝက်စီခန့် ပြန်ထည့်ပေး (အပြည့်ထည့်ပြီးပေါင်းရင် ပွတက်လာပြီး လျှံကြကုန်မှာစိုးလို့ပါ။)
ပြီးသွားရင် ကြက်ဥလေးတွေကို ပေါင်းလို့ရပါပြီ။ ပေါင်းတဲ့အခါ သိရမှာက အဖုံးကို ၁၀ မိနစ်ခန့်ပိတ်၊ ၁၀ မိနစ်ခန့် ဖွင့်နဲ့ ပေါင်းပေးရပါမယ်။ အဖုံးကို ဖွင့်လိုက်ပိတ်လိုက်နဲ့ပေါ့။ မိနစ် ၃၀ ခန့် ပေါင်းပြီးရင်တော့ ကျက်ပါပြီ။ ပြီးရင်တော့ စားချင်သလိုလေးလှီးပြီး ပဲပုပ်အကျက်မှုန့်နဲ့ ရောပြီး တို့စားလို့ရပါပြီ။
Crd:Waxy Orchid and rightful photo owners
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment