ငါးသလဲထိုးအိုးကပ်
ငါးသလဲထိုး – ၁၅ ကျပ်သား
ကြက်သွန်နီ – ၁ တက်
ကြက်သွန်ဖြူ – ၅ တက်
ခရမ်းချဉ်သီး – ၃ လုံး
ငရုတ်ခြောက် – ၃ တောင့်
ငရုတ်သီးစိမ်း – ၅ တောင့်
နံနံပင် (သို့) ရှမ်းနံနံ – အနည်းငယ်
ငါးသလဲထိုးကို ရေစင်အောင်ဆေးပါ။ အညှီနံ့ပျောက်စေဖို့ဆိုရင် နောက်ဆုံးအကြိမ်မှာ ဗီနီဂါရည်လေး အနည်းငယ်ထည့်ပြီး ဆေးပေးပါ။ ရေစစ်သွားပြီဆိုရင် အရသာလေး အနည်းငယ်ထည့်နယ်ထားပေးပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တို့ကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုထည့်ပါ။ ထောင်းထားသော အရောကို ဖြန့်ထည့်ပါ။ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်ပါ။
ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေအုပ်ပြီး မီးအေးအေးမှာ ရေခန်းပြီး ဆီပြန်သည်အထိ ချက်ပါ။ ဆီပြန်လာပြီဆိုမှ အရသာနယ်ထားတဲ့ ငါးသလဲထိုးတွေ ထည့်ပါ။ ဖြည်းညင်းစွာ သမသွားအောင် မွှေပေးပါ။ အဖုံးပိတ်ပြီး ရေခန်း၊ ဆီပြန်၊ အိုးကပ်သည်အထိ ချက်ပါ။ နံနံပင် (သို့) ရှမ်းနံနံလေး အုပ်ပေးပါ။
Crd:ဟင်းချက်နည်းများ
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment