ဂွေးသီးငါးပိချက်
ဂွေးသီးငါးပိချက်
ဂွေးသီးနုနု – ၂၀ လုံးခန့်
ကြက်သွန်နီ – ၃ တက်
ကြက်သွန်ဖြူ – ၇ တက်
ငရုတ်သီးခွဲခြမ်း – ၂ ဇွန်း
ပုစွန်ခြောက် – ၂ ဇွန်း
ငါးပိ – ၁ ဇွန်း
ပထမဆုံး ဂွေးသီးနုနုတွေကို ခပ်နုပ်နုပ်လေးလှီးပြီး ဆားနဲ့နယ်ပြီး နှပ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။
ပုစွန်ခြောက်ကို ညက်နေအောင် ကြိတ်ပါ။ ငရုတ်သီးခြောက်တောင့်ကို ခွဲခြမ်းဖတ်များရအောင် ကြိတ်ပါ။ ဆားနယ်ထားသော ဂွေးသီးတွေကို ရေဆေးပြီး ရေစင်အောင် ညှစ်ထုတ်ထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီအနည်းကို အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီ တွေကို နနွင်းမှုန့်၊ အရောင်တင်မှုန့် အနည်းငယ်နှင့်အတူ ဆီသတ်ပါ။
မွှေးလာလျှင် ငါးပိထည့်ပြီး မွလာအောင် ဆီသတ်ပါ။ ပုစွန်ခြောက်မှုန့်တွေ ထည့်ပေါင်းပါ။ ငရုတ်သီးခွဲခြမ်းဖတ်တွေထည့်ပြီး စိမ်းနံ့ပျောက်သည်အထိ ကြော်ပေးပါ။
ရေစစ်ထားတဲ့ဂွေးသီးများ ထည့်ပါ။ ငါးငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို အချိုးညီအောင် အရသာဖြည့်စွက်ပြီး ရေခန်း၊ ဆီပြန်သည်အထိ လိမ့်နေအောင် ကြော်ပေးပါ။
Photo Credit:Mee Mee Yu
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment