ငရုတ်သီးငါးခူ ငါးပိထောင်း


 ငရုတ်သီးငါးခူ ငါးပိထောင်း

ခရမ်းသီးရှည် – ၃ လုံး
ငါးခူသေး – ၁ ကောင်
ကြက်သွန်ဖြူ – ၅ တက်
ငရုတ်သီးစိမ်းတောင့်နီ – ၁ တောင့်
ငါးပိ – အနည်းငယ်
ငါးခူကို ရေဆေး သန့်စင်ပြီး ဝါးတံစို့ထိုးကာ ကျက်အောင်ကင်ပါ။ ငရုတ်သီးစိမ်း၊ အနီ၊ ကြက်သွန်ဖြူတို့ကိုလည်း တံစို့ထိုးပြီး ကင်ပါ။ ခရမ်းသီးကို အလုံးလိုက် သံဆန်ခါလေးခံပြီး ကျက်သည်အထိကင်ပြီး အအေးခံထားပါ။ ငါးပိကိုလည်း ဇွန်းပြားလေးမှာကပ်ပြီး ကင်ပါ။ ငရုတ်ဆုံထဲမှာ လှော်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်တောင့်နီနှင့် ငါးပိတို့ကို ရောပြီး သမအောင် ထောင်းပါ။ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။
ငါးခူမီးကင်ကို ဖဲ့ခြွေထည့်ပြီး ဇွန်းလေးနဲ့ သမအောင်မွှေပေးပါ။ မီးဖုတ်ထားတဲ့ခရမ်းသီးကို အခွံနွှာပြီး သုံးပိုင်း (သို့) လေးပိုင်း ပိုင်းဖြတ်ပြီးထည့်ကာ ကျည်ပွေ့လေးဖြင့် ဖိချေပေးပါ။ ခရမ်းသီးတွေ ကြွေသွားသည်အထိ မထောင်းပါနှင့်။ မိမိနှစ်သက်ရာ တို့စရာအရွက်များဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ။
Crd:WinNaingThein25
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

အထပ်တစ်ရာ ပလတာ

ဂွေးသီးငါးပိချက်