ဝက်နံရိုးပဲငပိပေါင်း
ဝက်နံရိုးပဲငပိပေါင်း ဝက်နံရိုးများကို ရေဆေး၍စစ်ထား၊ ပဲငံပြာရည်အနှောက်1tblsp ပဲငပိအချိူ အနှစ် 1tblsp ဟင်းခတ်မှုန့် 1teasp ဟင်းချက်အရက် 1teasp ကြက်သွန်ဖြူထောင်းအရည်ညှစ်ထည့်၊ ဆီတဇွန်းထည့်နှယ်၍နှပ်ထားပါ။ ပေါင်းမည့်ချိန်မှ ဝါးကတ်သို့မဟုတ် စတီးဗန်းထဲ ခဲပတ်ခင်း၊ နှပ်ထားသောဝက်နံရိုးများထည့်၊ ဂျင်းရိတ်ရိတ်လှီးထည့်၍ နာရီဝက်ခန့်ပေါင်းပါ။ ကျက်သွားပါက ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းလှီးထည့်၍ သုံးဆောင်နိုင်ပါပြီ။ Crd: Mogok Thu မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။