Posts

Showing posts from January, 2022

သရက်သီး ငပိချက်

Image
  သရက်သီး ငပိချက် သရက်သီး၂လုံးကိုခြစ်နှင့်ခြစ်ပါ။ အချဉ်မကြိုက်ပါကဆားနှင့်နယ်၍ရေဆေးပြီးရေစစ်ထားပါ။ ကြက်သွန်နီ၄လုံးပါးပါး၊လှီးငပိကွမ်းသီးလုံးခန့်၊ငံပြာရည် ၊ပုစွန်ခြောက်လက်တဆုပ်ခန့်ထောင်း၊သကြား၊အချိုမှုန့်(သို့) ကြက်သားမှုန့်၊နနွင်း၊ငရုတ်ပုထောင်း၊ဆီတို့ကိုအိုး၁လုံးထဲထည့်၍ ရောနယ်ကာမီးဖိုပေါ်တင်ပါ။ အနည်းငယ်နွမ်းပြီးရေခန်းလျှင်ရေလိုသလောက်ထည့်၍တည်ပါ။ ကြက်သွန်ဖြူ၄မွှာပါးပါးလှီးထည့်ပါ၊ ဆီပြန်၍သရက်သီးစိတ်ကြိုက်အနူးအရသာအနေတော်ဖြစ်လျှင် ငရုတ်သီးစိမ်း ထည့်၍ချပါ။ Credit: ချက်ကြည့်ကြစို့ Page

မုန့်ဖက်ထုပ်ပြုလုပ်နည်း

Image
  မုန့်ဖက်ထုပ်ပြုလုပ်နည်း ၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်) ၂. အုန်းသီး၊ပဲ ၃. သကြား ၄. ငှက်ပျောရွက် ကောက်ညှင်းဆန်ကို ရေဆေးပါ ပြီးရင် ခြောက်သည်အထိ ရေစစ်ထားပါ။ ရေခြောက်သွားတဲ့အခါ အမှုန့်ဖြစ်အောင်ထောင်းပါ။ ငယ်တုန်းကတော့ မောင်းထောင်းတာပဲ။ အမှုန့်ရတဲ့အခါ နေပြန်လှန်းပါ။ ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။ ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။ ရပြီဆိုလျှင် နောက်တခုက အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။ ၎င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။ ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။ ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။ မုန့်လုပ်တော့မည်စိတ်ကူးကတည်းက မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး အနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်းထားရမည်။ နေလှန်းရန် အချိန်မရှိလျင် မီးကင်လည်းရသည်။ စောစောက အဆာသွပ်ပြီးသားမုန့်ကို နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး ပေါင်းအိုးထဲထည့်ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။ Credit : Original Uploader မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

မြေအိုးမြီးရှည်

Image
  မြေအိုးမြီးရှည် မြေအိုးမြီးရှည် (၂ ပွဲစာ အတွက်) မြေအိုးမြီးရှည်မေးထားတဲ့သူလဲ တော်တော်များပေမယ့် မရေးဖြစ်လို့ဆောရီးပါရှင်။ အခုတော့ ပုံလဲရပြီဆိုတော့ ရေးပေးလိုက်တယ် နော်။ မြေအိုးမြီးရှည်ကတော့ စားဖူးတဲ့သူတော်တော်များများကြိုက်ကြပါတယ်။ အေးတဲ့ မိုးရာသီတို့ဆောင်းရာသီတို့နဲ့အလိုက်ဖတ်ဆုံးလေးပါပဲ။ ပူပူနွေးနွေး အနံ့မွှေးမွှေးနဲ့ စားလို့ကောင်းတဲ့ မြေအိုးမြီးရှည်ရဲ့ လုပ်နည်းကလဲ လွယ်လွယ်လေးပဲမို့လုပ်စားကြည့်ရအောင်နော်။ ပါဝင်သောပစ္စည်းများ ၁။ ကြက်သား - ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု ၂။ ဝက်အူချောင်း(သို့) ကြက်အူချောင်း - ၁ ချောင်း ၃။ ငုံးဥ - ၄ လုံး ၄။ ကိုက်လန် - ၁ ချောင်း ၅။ ပါးပါးလှီးထားသော မုန်လာဥနီ - အနည်းငယ် ၆။ မုန်ညှင်းဖြူ - အနည်းငယ် ၇။ ပန်းမုန်လာ - အနည်းငယ် ၈။ အစိမ်းရောင်ပန်းမုန်လာ - အနည်းငယ် ၉။ ကျောက်ပွင့် - အနည်းငယ် ၁၀။ ကြွက်နားရွက် (ကျောက်ပွင့်အမည်း) - အနည်းငယ် ၁၁။ အသားတု - ၂လုံး ၁၂။ မြီးရှည်အခြောက်ဖတ် - လက်တဆုပ်စာ ၁၃။ အဖြူရောင် အပြားခေါက်ဆွဲဖတ် - ၄ ပြား (မထည့်လဲရ) ၁၄။ ပဲပြားခြောက် - အနည်းငယ် ၁၅။ ပဲပြား - အတုံးသေး ၄ တုံး (ပုံထဲမှာမပါ။) ၁၆။ ဆား - အနည်းငယ် ၁၇။ အချိုမှုန့်(သို့) ...

အထပ်တစ်ရာ ပလတာ

Image
  အထပ်တစ်ရာ ပလတာ အညာမှာ ခေါ်တဲ့ ပလတာက ရန်ကုန်မှာက အထပ်တရာ ပလတာလို့ ခေါ်ပါတယ်။ ပလတာ လုပ်ပုံ အဆင့်ဆင့်ပါ ဖော်ပြထားတာမို့ လုပ်ရလည်း လွယ်ကူမှာပါ။ ------------------------------------ ပလတာအတွက် ပါဝင်ပစ္စည်းများ ဂျုံမှုန့် – ခွက်၂ခွက် နွားနို့(အပူ)(သို့)ရေပူ – ခွက် ၄ပုံ၃ပုံ ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း Baking powder – လက်ဖက်ရည်ဇွန်း တဝက် ------------------------------------ ပလတာ ပြုလုပ်နည်း ၁။ ဇောက်ပန်းကန်လုံးထဲ (ဂျုံမှုန့်၊ ဆား၊ သကြား၊ baking powder) တို့ကို ထည့်ပြီ ရောမွှေထားပါ။ ၂။ ပြီလျှင် ဆီထည့်ပြီ နွားနို့ကို ဖြည်းဖြည်းခြင်း ထည့်ပြီ ဂျုံဒိုး နူညံ့သည်အထိ သမအောင် လက်ဖြင့် ဂျုံကို နာနာနုယ်ပေးပါ။ ၃။ ပြီနောက် ရောနုယ်ထားသော ဂျုံဒိုးကို အဝတ်သန့်စိုဖြင့် အုပ်ပြီ အနည်းဆုံး မိနစ် ၂၀ခန့် နုပ်ထားပေးပါ။ ၄။ ပြီလျှင် ဂျုံးဒိုးကို အရွယ်တူ အလုံး ၆လုံးလုံးပေးပြီ အပေါ်မှ ဆီအနည်းငယ် သုပ်ပေးပါ။ ၅။ ဂျုံလုံးဒိုးများကို အပေါ်မှ အဝတ်စို(သို့)ပလတ်စတစ်အကြည် အုပ်ပြီ နောက်ထပ် ၁၀မိနစ်ခန့် ထပ်နုပ်ပေးပါ။ ၆။ ထို့နောက် စားပွဲကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးလုံးက...

ဝက်နံရိုးအချိုပေါင်း

Image
  ဝက်နံရိုးအချိုပေါင်း နံရိုးညှပ်သား......၃၀ကျပ်သား ချင်း....................၂တက် ကြက်သွန်ဖြူ.......၅တက် နာနတ်ပွင့်.........၂ပွင့် ငရုတ်ကောင်းစေ့..၁၀စေ့ခန့် နံနံပင်အမြစ်......အနည်းငယ် ဟင်းချက်ဝိုင်......၂ဇွန်း သကြား............၃ ဇွန်း ဟင်းခတ်မှုန့်.....အနည်းငယ် ဆား................လိုအပ်သလိ နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။ နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။ ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီး ဝက်နံရိုးထဲညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊ ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅) နှစ်ခန့်နှပ်ထားပါ။ ထိုစဉ်အတွင်း..နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကို မညှက်တညှက်ထောင်းပါ။ အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။ မကြာခင်သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီး့ထောင်းထားသောအရောကိုဆီ သတ်ပါ။ အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။ ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်းငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။ ဝက်နံရိုးတွေကိုဖယ်ထုတ်...

ငါးသလောက်ပေါင်း

Image
ငါးသလောက်ပေါင်း   ငါးသလောက်ပေါင်းနည်းပါရှင် အရင်ဆုံးငါးသလောက်ကိုသန့်စင်ရေဆေးပြီးငါးတကောင်ကို၃ပိုင်း ပိုင်းပြီးတပိုင်းချင်းစီကိုဓားနဲ့၂ချက်လောက်လှအောင်မွှန်းထားပါ ငါးတကောင်ကိုရှောက်သီးပါးပါးတစိပ်ညှစ်ပါ။ ငါးသလောက်ပေါင်းရင်ဖြစ်တတ်တာကအရိုးနူးအောင်အချဉ်ထည့် ရင်းလက်လွန်ပြီးငါးပေါင်းကချဉ်သွားတတ်တာပါပဲ ဆား၊အရသာ၊သကြား၊ဆနွင်း၊ငံပြာရည်ကိုအရသာမှန်အောင်နှပ်ပါ ဒါကြောင့်ငါးတကောင်အတွတ်ခန့်မှန်းလို့ရအောင်ရေးပေးတာပါ။ ငါးကိုအရသာနယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။ စပါးလင်ကိုဖွာနေအောင်ထုပြီးပေါင်းမယ့်အိုးထဲအောက်ကခင်းပါ။ ကြံချောင်းတွေခုတ်ပြီးခင်းရင်လဲဟင်းအရသာအချိုလဲလေးသလို အကပ်လဲသက်သာပါတယ်ရှင် ပြီးရင်ငါးကိုသေချာစီထည့်ပြီးရေနွေးမြှုပ်ရုံထည့်ပြီးတည်ပါ။ ဆူလာရင်မီးကိုလျှော့ချပါရှင် အရမ်းဆူရင်ငါးတွေကြေတတ်ပါတယ် မီးအေးအေးနဲ့ငါးရေမြှုပ်ရုံတည်ပါ။. ထည့်ထားတဲ့ရေတဝက်လောက်ကုန်ရင်ငါးမြှုပ်ရုံပြန်ဖြည့်တည်ပါငါးပေါင်းထားတဲ့အချိန်ငါးကိုဇွန်းနဲ့လုံးဝမမွှေပါဘူးရှင် ၄နာရီလောက်မီးအေးလေးနဲ့တည်ရင်အရိုးနူးပါတယ် ရေစပ်စပ်ကျန်တဲ့အချိန်ကြက်သွန်နီဥသေးတွေအလုံးလိုက်ထည့်ပါ။ ဆီသပ်ပါမယ် ဂျင်း၊ကြက်သွန်ဖြူ၊၊ငရုတ်သီးကိုရောထောင်းပါ။ ကြက်သွန်နီကိုအ...

သုံးထပ်သားနှင့်ငုံးဥအချိုချက်

Image
   သုံးထပ်သားနှင့်ငုံးဥအချိုချက် သုံးထပ်သားနှင့်ငုံးဥအချိုချက် လုံးချက်တဲ့ပုံစံလေးပါ။ ငုံးဥကိုကြိုပြုတ်ထားပြီးအခွံ့နွာထားပါ။ သုံးထပ်သားကို ခရုဆီ ပဲငံပြာရည် ကြက်သားမှုန့် သကြား ထောင်းထားသောဂျင်း တို့ဖြင့်နယ်ထားပေးပါ။ ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူနီဆီသပ် အနံ့မွှေးပြီဆို သုံးထပ်သားထည့် ရေနည်းငယ်ထည့် အုပ်ထားလိုက်။ ၂ရေလောက်ခမ်းပြီဆိုမှ ရေထည့် ကြက်သားမှုန့်အနည်းငယ် မဆလာ ငုံးဥထည့်ပြီး အုပ်ထားလိုက်တော့။ ဆူပြီဆို နံနံပင်လေးအုပ် စားရုံအဆင်သင့် OK 😄😄😄 Crd: Htun မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

ဝက်နံရိုးပဲငပိပေါင်း

Image
  ဝက်နံရိုးပဲငပိပေါင်း ဝက်နံရိုးများကို ရေဆေး၍စစ်ထား၊ ပဲငံပြာရည်အနှောက်1tblsp ပဲငပိအချိူ အနှစ် 1tblsp ဟင်းခတ်မှုန့် 1teasp ဟင်းချက်အရက် 1teasp ကြက်သွန်ဖြူထောင်းအရည်ညှစ်ထည့်၊ ဆီတဇွန်းထည့်နှယ်၍နှပ်ထားပါ။ ပေါင်းမည့်ချိန်မှ ဝါးကတ်သို့မဟုတ် စတီးဗန်းထဲ ခဲပတ်ခင်း၊ နှပ်ထားသောဝက်နံရိုးများထည့်၊ ဂျင်းရိတ်ရိတ်လှီးထည့်၍ နာရီဝက်ခန့်ပေါင်းပါ။ ကျက်သွားပါက ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းလှီးထည့်၍ သုံးဆောင်နိုင်ပါပြီ။ Crd: Mogok Thu မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။