ဝက်နံရိုးအချိုပေါင်း


 

ဝက်နံရိုးအချိုပေါင်း

နံရိုးညှပ်သား......၃၀ကျပ်သား
ချင်း....................၂တက်
ကြက်သွန်ဖြူ.......၅တက်
နာနတ်ပွင့်.........၂ပွင့်
ငရုတ်ကောင်းစေ့..၁၀စေ့ခန့်
နံနံပင်အမြစ်......အနည်းငယ်
ဟင်းချက်ဝိုင်......၂ဇွန်း
သကြား............၃ ဇွန်း
ဟင်းခတ်မှုန့်.....အနည်းငယ်
ဆား................လိုအပ်သလိ

နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။

နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။

ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီး
ဝက်နံရိုးထဲညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊
ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)
နှစ်ခန့်နှပ်ထားပါ။

ထိုစဉ်အတွင်း..နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကို
မညှက်တညှက်ထောင်းပါ။

အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။

မကြာခင်သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီး့ထောင်းထားသောအရောကိုဆီ
သတ်ပါ။

အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။

ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်းငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။

ဝက်နံရိုးတွေကိုဖယ်ထုတ်ပြီး..ဟင်းခတ်အမွှေးအကြိုင်တွေကိုစစ်ထုတ်ဖယ်ပစ်ပါ။

နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီးအဖုံးပိတ်ကာမီးအေးအေးမှာနှုးသည်အထိပေါင်းပေးပါ (သို့) Pressure အိုးထဲပြောင်းထည့်နူးသည်အထိပေါင်းပါ။

credit...ဟင်းချက်နည်းများ
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

အထပ်တစ်ရာ ပလတာ

ဂွေးသီးငါးပိချက်