အထပ်တစ်ရာ ပလတာ


 

အထပ်တစ်ရာ ပလတာ

အညာမှာ ခေါ်တဲ့ ပလတာက ရန်ကုန်မှာက အထပ်တရာ ပလတာလို့ ခေါ်ပါတယ်။ ပလတာ လုပ်ပုံ အဆင့်ဆင့်ပါ ဖော်ပြထားတာမို့ လုပ်ရလည်း လွယ်ကူမှာပါ။
------------------------------------
ပလတာအတွက် ပါဝင်ပစ္စည်းများ

ဂျုံမှုန့် – ခွက်၂ခွက်
နွားနို့(အပူ)(သို့)ရေပူ – ခွက် ၄ပုံ၃ပုံ
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
Baking powder – လက်ဖက်ရည်ဇွန်း တဝက်
------------------------------------
ပလတာ ပြုလုပ်နည်း

၁။ ဇောက်ပန်းကန်လုံးထဲ (ဂျုံမှုန့်၊ ဆား၊ သကြား၊ baking powder) တို့ကို ထည့်ပြီ ရောမွှေထားပါ။

၂။ ပြီလျှင် ဆီထည့်ပြီ နွားနို့ကို ဖြည်းဖြည်းခြင်း ထည့်ပြီ ဂျုံဒိုး နူညံ့သည်အထိ သမအောင် လက်ဖြင့် ဂျုံကို နာနာနုယ်ပေးပါ။

၃။ ပြီနောက် ရောနုယ်ထားသော ဂျုံဒိုးကို အဝတ်သန့်စိုဖြင့် အုပ်ပြီ အနည်းဆုံး မိနစ် ၂၀ခန့် နုပ်ထားပေးပါ။

၄။ ပြီလျှင် ဂျုံးဒိုးကို အရွယ်တူ အလုံး ၆လုံးလုံးပေးပြီ အပေါ်မှ ဆီအနည်းငယ် သုပ်ပေးပါ။

၅။ ဂျုံလုံးဒိုးများကို အပေါ်မှ အဝတ်စို(သို့)ပလတ်စတစ်အကြည် အုပ်ပြီ နောက်ထပ် ၁၀မိနစ်ခန့် ထပ်နုပ်ပေးပါ။

၆။ ထို့နောက် စားပွဲကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးလုံးကို အပြားလုပ်ပြီ ဒလိမ့်တုံးဖြင့် ဂျုံဒိုး ပါးလွှားသွားသည်အထိ လိမ့်ပေးပါ။

ရ။ ပြီနောက် ဂျုံဒိုးပြားကို အလယ်မှ ဓားဖြင့် ထပ်ခြမ်းခြမ်းလိုက်ပါ။

၈။ ပြီမှ ထပ်ခြမ်းခြမ်းထားသော ဂျုံဒိုးပြားတစ်ခုကို ပုံတွင် ပါသည့်အတိုင်း အထပ်ထပ်လေးများ ဆုံးတဲ့အထိ ထပ်သွားပါ။

၉။ ပြီလျှင် ဒိုးပြားကို ပုံတွင် ပါသည့်အတိုင်း အဝိုင်းလိမ့်ပေးပါ။

၁၀။ ထို့နည်းအတိုင်း ကျန်ဂျုံဒိုးများကို ပြုလုပ်ပေးပါ။

၁၁။ အဝိုင်းလိမ့်ထားသော ဂျုံဒိုးများကို ဒလိမ့်တုံးဖြင့် ၃လက်မခွဲအရွယ် ပြန်လိမ့်ပေးပါ။

၁၂။ ပြီနောက် ဒယ်ထဲ ဂီ(သို့)ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီ ဆီပူလျှင် ဂျုံဒိုးများထည့်ပြီ အရောင်ရသည်အထိ တဖက် ၁မိနစ်နှုန့်ဖြင့် ကြော်ပေးပါ။

၁၃။ ကျန် ပလတာများကို ထိုနည်းအတိုင်း ကြော်ပေးပါ။ အထပ်တစ်ရာ ပလတာကို ရပါပြီ...
------------------------------------

Credit : Wutyee Food House

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

ဂွေးသီးငါးပိချက်