သရက်သီး ငပိချက်


 

သရက်သီး ငပိချက်

သရက်သီး၂လုံးကိုခြစ်နှင့်ခြစ်ပါ။
အချဉ်မကြိုက်ပါကဆားနှင့်နယ်၍ရေဆေးပြီးရေစစ်ထားပါ။
ကြက်သွန်နီ၄လုံးပါးပါး၊လှီးငပိကွမ်းသီးလုံးခန့်၊ငံပြာရည်
၊ပုစွန်ခြောက်လက်တဆုပ်ခန့်ထောင်း၊သကြား၊အချိုမှုန့်(သို့)
ကြက်သားမှုန့်၊နနွင်း၊ငရုတ်ပုထောင်း၊ဆီတို့ကိုအိုး၁လုံးထဲထည့်၍
ရောနယ်ကာမီးဖိုပေါ်တင်ပါ။
အနည်းငယ်နွမ်းပြီးရေခန်းလျှင်ရေလိုသလောက်ထည့်၍တည်ပါ။
ကြက်သွန်ဖြူ၄မွှာပါးပါးလှီးထည့်ပါ၊
ဆီပြန်၍သရက်သီးစိတ်ကြိုက်အနူးအရသာအနေတော်ဖြစ်လျှင်
ငရုတ်သီးစိမ်း ထည့်၍ချပါ။



Credit: ချက်ကြည့်ကြစို့ Page

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

အထပ်တစ်ရာ ပလတာ

ဂွေးသီးငါးပိချက်