မြေအိုးမြီးရှည်
မြေအိုးမြီးရှည်
မြေအိုးမြီးရှည် (၂ ပွဲစာ အတွက်)
မြေအိုးမြီးရှည်မေးထားတဲ့သူလဲ တော်တော်များပေမယ့် မရေးဖြစ်လို့ဆောရီးပါရှင်။ အခုတော့ ပုံလဲရပြီဆိုတော့ ရေးပေးလိုက်တယ် နော်။
မြေအိုးမြီးရှည်ကတော့ စားဖူးတဲ့သူတော်တော်များများကြိုက်ကြပါတယ်။ အေးတဲ့ မိုးရာသီတို့ဆောင်းရာသီတို့နဲ့အလိုက်ဖတ်ဆုံးလေးပါပဲ။ ပူပူနွေးနွေး အနံ့မွှေးမွှေးနဲ့ စားလို့ကောင်းတဲ့ မြေအိုးမြီးရှည်ရဲ့ လုပ်နည်းကလဲ လွယ်လွယ်လေးပဲမို့လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား - ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု
၂။ ဝက်အူချောင်း(သို့) ကြက်အူချောင်း - ၁ ချောင်း
၃။ ငုံးဥ - ၄ လုံး
၄။ ကိုက်လန် - ၁ ချောင်း
၅။ ပါးပါးလှီးထားသော မုန်လာဥနီ - အနည်းငယ်
၆။ မုန်ညှင်းဖြူ - အနည်းငယ်
၇။ ပန်းမုန်လာ - အနည်းငယ်
၈။ အစိမ်းရောင်ပန်းမုန်လာ - အနည်းငယ်
၉။ ကျောက်ပွင့် - အနည်းငယ်
၁၀။ ကြွက်နားရွက် (ကျောက်ပွင့်အမည်း) - အနည်းငယ်
၁၁။ အသားတု - ၂လုံး
၁၂။ မြီးရှည်အခြောက်ဖတ် - လက်တဆုပ်စာ
၁၃။ အဖြူရောင် အပြားခေါက်ဆွဲဖတ် - ၄ ပြား (မထည့်လဲရ)
၁၄။ ပဲပြားခြောက် - အနည်းငယ်
၁၅။ ပဲပြား - အတုံးသေး ၄ တုံး (ပုံထဲမှာမပါ။)
၁၆။ ဆား - အနည်းငယ်
၁၇။ အချိုမှုန့်(သို့) သကြား - အနည်းငယ်
၁၈။ ပဲငပိ အစပ် - ထမင်းစားဇွန်း ၂ ဇွန်း
၁၉။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် - ထမင်းစားဇွန်း ၂ ဇွန်း
၂၀။ ဟွာကျောင်းအမှုန့်- အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။ ထည့်ရင်အနံ့ပိုမွှေးပါတယ်။)
၂၁။ ငရုတ်ကောင်း - အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်ရင်အုပ် နှင့် လည်ချောင်းရိုးများကို ဆား၊အချိုမှုန့် (သို့) သကြား အနည်းငယ်ထည့် ရေ ၄ ခွက်ထည့်ရျ် မိနစ် ၂၀ ခန့်ပြုတ်ပါ။
၂။ ပြီးလျှင် ရင်အုပ်မှ အသားများကို နွှာရျ် အတုံးအသေးလေးတွေတုံးထားပါ။ ရင်အုပ်မှအရိုးကို ကြက်ပြုတ်ရည်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။ ကြက်ပြုတ်ရည်အိုးတွင် ရေနည်းသွားလျှင် ရေပြန်ပြန်ဖြည့်ပေးပါ။
၃။ မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြွက်နားရွက်၊ အသားတုတို့ကို အနည်းဆုံး ၁ နာရီ ခန့်ရေစိမ်ထားပါ။
၄။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေလှီးထားပါ။
၅။ မြေအိုးမြီးရှည်ပြင်ဆင်နည်း
- မြေအိုးကို မီးဖိုပေါ်တင်ရျ် အပူပေးပါ။ ပဲငပိအစပ်ကို ထည့်ပါ။ ထို့နောက် အတုံးအသေးလေးတွေတုံးထားသော ကြက်သားကို ထည့်ပြီး ပဲငပိနှင့် သမအောင်မွှေပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်ပါ။
- ထို့နောက် ကြက်ပြုတ်ရည်ကို မြေအိုးရဲ့တ ဝက်ကျော်ကျော်လောက် အထိထည့်ပါ။ ဟွာကျောင်းနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပါ။ ရေစိမ်ထားသော အရာများကို ထည့်ပြုတ်ပါ။ ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
- ပြီးလျှင် ပဲပြား၊ လှီးထားသော အသီးအရွက်များ၊ ငုံးဥတို့ကို ထည့်ရျ် နောက်ထပ် ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
၆။ ထို့နောက်မီးဖိုပေါ်မှချရျ် ပူပူနွေးနွေး မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပါပြီ။
Credit : Ei San's Homemade Inspiration

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment