ငှက်ပျောအူချက်နည်း
ငှက်ပျောအူချက်နည်း
မွှေးမွှေးလေးနဲ့ တော်တော်စားကောင်းပါတယ်။ ငရုတ်သီးကြိုက်တဲ့သူနဲ့ ပိုအဆင်ပြေမယ့် ဟင်းလျာပါ။ လွယ်ပါတယ်။
ပုစွန်ဆိတ်တွေကို အရသာ၊ နနွင်းနဲ့ နယ်ထားပါ။ ငါးပိကို နည်းနည်းပဲ ရေဖျော်ထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ၁ လုံး ရောထောင်းပါ။ ငှက်ပျောအူလှီးပြီး နနွင်းရည် စိမ်ထားပါ။ ဆီနည်းနည်းနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နနွင်းနဲ့ ဆီသတ်ပါ။ မွှေးလာရင် ပုစွန်ထည့်ပါ။ ငါးပိဖျော်ထားတာကို အရည်ပဲပါအောင် စစ်ထည့်ပြီး အဖုံးခဏအုပ်ထားပါ။ ငါးပိအစိမ်းနံ့ပျောက်လာရင် ရေနွေးလောင်းပြီး ငန်ပြာရည်ပေါက်ပါ။ အရသာထည့်ပါ။ နနွင်းရည်စိမ်ထားတဲ့ ငှက်ပျောအူကို ရေနှစ်ထပ်လောက် ပြန်ဆေးပြီး ထည့်ပါ။ ငရုတ်သီးစိမ်းထောင်းပြီး ထည့်ပါ။ အရမ်းကို မွှေးနေပါပြီ။ ၁၀ မိနစ်လောက်ထားပြီးရင် ပင်စိမ်းအုပ်ပြီး ရေစပ်စပ်ကျန်အောင်ထားပြီး စားလို့ရပါပြီ။
Crd:Pan Kayae
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment