ပုစွန်ဆီအနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုစွန်ကြော်


 ပုစွန်ဆီအနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုစွန်ကြော်

ပါဝင်သောပစ္စည်းများ-
၁။ ခေါင်းမပါသော ပုစွန် (၁) ပေါင် (သို့မဟုတ်) ၂၅ ကျပ်သား
၂။ ပုစွန်ဆီ (၅) ကျပ်သား (ရယ်ဒီမိတ်ပုလင်းထဲမှ ပုစွန်ဆီကိုသုံးမယ်ဆိုရင် ထမင်းစားဇွန်း ၂ ဇွန်း)
၃။ ဆီ ထမင်းစားဇွန်း (၁) ဇွန်း
၄။ ကြက်သွန်ဖြူ (၂) တက်
၅။ ကြက်သွန်နီအသေး (၁) လုံး
၆။ ငံပြာရည် ထမင်းစားဇွန်း (၁) ဇွန်း (ရယ်ဒီမိတ်ပုစွန်ဆီကို သုံးမယ်ဆိုရင် ငံပြာရည်မထည့်ပါနဲ့၊ အပေါ့အငန်မြည်းကြည့်ပြီးမှ ထည့်တာ ပိုကောင်းပါတယ်။ တချို့ပုလင်းတွေက အငန်ပါပြီးသားမို့ပါ။)
၇။ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
၈။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
၉။ ဟင်းချိုမှုန့် (သို့) သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ပြုလုပ်နည်း-
၁။ ပုစွန်ကို အခွံချွတ်၊ ကျောကို ဓားနဲ့ခွဲပြီး သန့်စင်ထားပါ။ ထို့နောက် အရောင်တင်မှုန့်၊ နနွင်း၊ ဟင်းချိုမှုန့်၊ ငံပြာရည်တို့ဖြင့် နယ်ထားပါ။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၂။ ကြော်မည့်ဒယ်အိုးကို အပူပေးပြီး ပူလာလျှင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါ။ မွှေးလာလျှင် ပုစွန်ဆီကို ထည့်လုံးပါ။ တစ်မိနစ်ခန့်လုံးပြီးနောက် ပုစွန်များကို ထည့်ကြော်ပါ။ ငါးမိနစ်လောက်ကြော်ပြီးလျှင် အလွန်မွှေးပြီး အရသာရှိသော ပုစွန်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
(ထမင်းစားဇွန်း = 1 tablespoon = 15ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml)

Crd:Ei San’s Homemade Inspiration
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

မုန့်ဖက်ထုပ်ပြုလုပ်နည်း

သုံးထပ်သားနှင့်ငုံးဥအချိုချက်