ကြက်သားနှင့် မျှစ်ချိုနု ရခိုင်သောက်ဆမ်း
ကြက်သားနှင့် မျှစ်ချိုနု ရခိုင်သောက်ဆမ်း
ဗမာကြက် – တစ်ခြမ်း
မျှစ်ချိုနု – ၂၀ ကျပ်သား
ငရုတ်သီးစိမ်း – ၂၀ တောင့်
စိမ်းစားငါးပိ – ၁ ဇွန်း
မန်ကျည်းသီးမှည့် – အနည်းငယ်
နံနံပင် – အနည်းငယ်
ကြက်သားကို ရေသန့်စင်ပြီး အနေတော်အတုံးလေးများ တုံးထားပါ။ ငရုတ်သီးစိမ်းနှင့် ငါးပိကို နနွင်းမှုန့်အနည်းငယ်ဖြင့် ရေခန်းအောင်ပြုတ်ပြီး ညက်အောင်ထောင်းပါ။ မန်ကျည်းသီးမှည့်ကို ရေနွေးလေးဖြင့်စိမ်ပြီး ဖျော်ထားပါ။ အနေတော်တုံးထားတဲ့ ကြက်သားကို ချက်မည့်အိုးတွင်ထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ နနွင်းမှုန့်အနည်းငယ်၊ ငရုတ်သီးထောင်း အရောတို့နှင့် ရောနယ်ပါ။ မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီး လုံးချက် ချက်ပေးပါ။ ရေအနည်းငယ်ခန်းသွားလျှင် သစ်သားယောက်မလေးဖြင့် ခပ်ဖွဖွမွှေပေးပြီး ပြုတ်ထားတဲ့မျှစ်ချိုနုလေးတွေ ထည့်ပါ။ မန်ကျည်းမှည့်ရည်လေး လောင်းထည့်ပါ။ ရေအနည်းငယ်လေးလိုက်ပေးပြီး ဖြည်းညင်းစွာ မွှေပေးပါ။ နံနံပင်လေးအုပ်ထည့်ပြီး ချက်ပေးပါ။
Crd:ဟင်းချက်နည်းများ
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။
Comments
Post a Comment