ကင်ပွန်းချဉ်ရွက် ငရုတ်သီးထောင်း


 ကင်ပွန်းချဉ်ရွက် ငရုတ်သီးထောင်း

ကင်ပွန်းချဉ် – တစ်စည်း
ကြက်သွန်နီ – တစ်လုံး
ကြက်သွန်ဖြူ – သုံးတက်
ငရုတ်ခြောက်တောင့် – ငါးတောင့်
ဆား+ဟင်းခတ်မှုန့် – အနည်းငယ်စီ
ပဲဆီသန့်သန့် – နှစ်ဇွန်း (ထမင်းစားဇွန်း)
ကင်းပွန်းချဉ်ရွက်တွေကို နုတဲ့အပိုင်းတွေ ခြွေယူပြီး ရေဆေး၊ စစ်ထားကာ ဆူနေတဲ့ရေနွေးမှာ သုံးမိနစ်ခန့်ပြုတ်ပြီး အချဉ်ရည်တွေကို စစ်ထုတ်လိုက်ပါ။
ငရုတ်ခြောက်တောင့်နဲ့ ကြက်သွန်ဖြူကို ဦးစွာ ညက်အောင်ထောင်းပါ။
ဆားနဲ့ ဟင်းခတ်မှုန့်ကိုလည်း ထည့်ပြီးထောင်းပါ။
ကြက်သွန်နီတွေကို ခပ်ကြမ်းကြမ်းလှီးထည့်ပြီး ငရုတ်ကျည်ပွေ့ဖြင့် ပွတ်ချေပေးပါ။
နောက်ဆုံး ပြုတ်ထားတဲ့ ကင်ပွန်းချဉ်ရွက်တွေကိုထည့်ပြီး သမသွားအောင် ထပ်မံပွတ်ချေပေးပါ။
ဆီစိမ်းသန့်သန့်လေးလောင်းပြီး ပဲဟင်းရည်၊ ဟင်းချိုရည်တို့နဲ့ တွဲဖက်သုံးဆောင်ပါ။
Crd:WinNaingThein25

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

မုန့်ဖက်ထုပ်ပြုလုပ်နည်း

သုံးထပ်သားနှင့်ငုံးဥအချိုချက်