ကြက်ခြေထောက် တောင်ပံသုပ်


 ကြက်ခြေထောက် တောင်ပံသုပ်

ကြက်ခြေထောက်၊ တောင်ပံ၊ အသားအပြင် ဝက်သား၊ ဝက်ဆီဖတ်၊ သုံးထပ်သား၊ ပုစွန် အစရှိသည်တာတွေကို ဒီနည်းနဲ့သုပ်လို့ရပါတယ်။ သုပ်မယ့် ကြက်ခြေထောက်နဲ့ တောင်ပံတွေကို သန့်စင်ပြီး ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ အရသာထည့်ပြီး နူးအိနေအောင် ပြုတ်ပါ။ ငရုတ်သီး အနီ၊ အစိမ်းတောင့်တွေနဲ့ ငါးပိစိမ်းစားဖျော်ကို နနွင်းထည့်ပြီး ရေနည်းနည်းနဲ့ပြုတ်ပါ။ နူးရင် ငရုတ်သီးတောင့်တွေကို ရေညှစ်ဆယ်ပြီး ကြက်သွန်ဖြူ နှစ်မွှာလောက်နဲ့ ရောထောင်းပါ။ စောစောက ပြုတ်ထားတဲ့ ခြေထောက်၊ တောင်ပံတွေကို ပန်းကန်ထဲထည့်၊ ထောင်းထားတဲ့ ငရုတ်သီးတွေရောပြီး အိုးထဲကျန်တဲ့ ငါးပိစိမ်းစားပြုတ်ရည်တွေ ရောထည့်ပါ။
ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်ထည့်ပြီးတော့ သံပုရာရည်များများ ညှစ်ထည့်ပြီး နယ်လိုက်ရင် ရပါပြီ။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထပ်ညှပ်ထည့်ပါ။ နံနံပင်ကြိုက်ရင်လည်း ထည့်ပါ။
Crd:Kyaw Win
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

မုန့်ဖက်ထုပ်ပြုလုပ်နည်း

သုံးထပ်သားနှင့်ငုံးဥအချိုချက်