ငါးကွန်းရှပ်ခြောက် အစပ်ချက်


 ငါးကွန်းရှပ်ခြောက် အစပ်ချက်

ငါးကွန်းရှပ်ကို အနေတော် တုံးထားပါ။ ကြက်သွန် ဖြူ၊ နီ၊ ငရုတ်ပု ကြိတ်ထားပါ။ ငရုတ်သီးစိမ်း မညက်တညက် ကြိတ်ထားပါ။ ဆီအိုးပူလာလျှင် ငါးခြောက်များ ထည့်မွှေပါ။ အနံ့မွှေးလာရင် ဆယ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ နီ၊ ငရုတ်ပု ကြိတ်ထားသည်များကို ဆီသတ်ပါ။ ငါးခြောက်ကြော်လေးများ ထည့်ပါ။ ငါးပိရည်ကျိုထားတာ စစ်ထည့်ပါ။ အပေါ့ အငန် စိတ်ကြိုက်ထည့်ပါ။ ပြီးမှ ငရုတ်သီးစိမ်းထည့်မွှေပေးပါ။ အဖုံးခဏအုပ်ထားပေးပြီး ဆူလာလျှင် ငါးခြောက်ဟင်းစပ်စပ်လေး ရပါပြီ။
Credit:Kyi Kyi Ppk

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

မုန့်ဖက်ထုပ်ပြုလုပ်နည်း

သုံးထပ်သားနှင့်ငုံးဥအချိုချက်