ပုစွန်ထုပ်ဆီပြန်


 

ပုစွန်ထုပ်ဆီပြန်

ပုစွန်ထုပ် – ၂၅ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၅ တက်
ခရမ်းချဉ်သီး – ၃ လုံး
နံနံပင် – အနည်းငယ်
ပုစွန်ထုပ်တွေကို ရေဆေးသန့်စင်ပြီး အခွံနွှာ ခေါင်းချိုးပါ။ အရသာအနည်းငယ်နယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ နံနံပင်ကို သန့်စင်ထားပါ။ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားသော ကြက်သွန်အရောကို နနွင်းမှုန့်၊ ကြက်သွန်အနည်းငယ်တို့ဖြင့် ဆီသတ်ပါ။ အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးများ ထည့်ပါ။ ပုစွန်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။ ခေတ္တအဖုံးအုပ်ထားပါ။ ဆီပြန်ပြီး အနှစ်ကျလာလျှင် အရသာနည်းထားသည့်ပုစွန်များ ထည့်ပါ။ ရေခန်းပြီး ဆီပြန်သည်အထိ ချက်ပါ။ နံနံပင်လေးဖြင့် အလှဆင်ပေးပါ။
Credit:ဟင်းချက်နည်းများ

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

မုန့်ဖက်ထုပ်ပြုလုပ်နည်း

သုံးထပ်သားနှင့်ငုံးဥအချိုချက်